mdn

နေပြည်တော် ၂၆ နိုဝင်ဘာ


ဂူတာပြင်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိရသူများကို ဘူးသီးတောင်မြို့ နယ်မြေခံ တပ်၌ စစ်တရားရုံး(Court-Martial)ဖြင့် စတင်စစ်ဆေး သွားမည်ဖြစ်ကြောင်းသိရသည်။


တပ်မတော်အက်ဥပဒေ (The Defence Services Act ) ၊ တပ်မတော်နည်းဥပဒေများ(The Defence Services Rules )နှင့်အညီ ဖွဲ့စည်းခဲ့သည့် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry )က ဂူတာပြင်ကျေးရွာ ဖြစ်စဉ်အချို့တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည် ဟု တင်ပြခဲ့သည့် ထင်မြင်ယူဆချက်အရ စစ်ဘက်တရားစီရင်ရေး၏ လုပ်ငန်းစဉ်များ ( Process of Military Justice) အတိုင်း ဆောင်ရွက်လျက်ရှိရာ ပြစ်မှုကျူးလွန်သည်ဟု ကနဦး တွေ့ရှိရသူများအပေါ် အကျဉ်းစစ်တရားရုံးချုပ် (Summary General Court-Martial) ဖြင့် ရုံးထိုင် စစ်ဆေးခြင်းအား နိုဝင်ဘာလ ၂၆ ရက်တွင် ဘူးသီးတောင် မြို့ နယ်မြေခံတပ်၌ စတင်စစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။


တပ်မတော်အနေဖြင့် လွတ်လပ်သောစုံစမ်းစစ်ဆေး ရေးကော်မရှင် (Independent Commission of Enquiry- ICOE) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ICOE ၏ အစီရင်ခံစာ ထွက်ရှိလာသည့်အချိန်တွင်လည်း အစီရင်ခံ စာ၌ တပ်မတော်သားများက ပြစ်မှုကျူးလွန်ရာတွင် ပါဝင် ပတ်သက်မှုရှိပါက ဥပဒေနှင့်အညီ ဆက်လက်စုံစမ်း စစ်ဆေး၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်