ဟားခါး ၆ အောက်တိုဘာ
ချင်းပြည်နယ်၊ ဟားခါးမြို့မှ (၂၄) မိုင်ခန့်အကွာ ဟားခါး − ဂန့်ဂေါလမ်းတွင် ဂန့်ဂေါမှ ဟားခါးသို့ သစ်ခွဲသားများ တင်ဆောင်လာသော ယာဉ်မောင်း ဉီးနိုင်လင်းဦး၊ အသက် (၄၀) နှစ်ခန့် မောင်းနှင်လာသည့် ခြောက်ဘီး အဖြူရောင်ယာဉ်သည် အောက်တိုဘာ ၅ ရက် ည ၁၀ နာရီ ခန့်က အိပ်ငိုက်ရာမှ ယာဉ်အရှိန်လွန်ပြီး ပေ (၅၀) ခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်၍ အခင်းဖြစ်ပွားရာနေရာ၌ ယာဉ်မောင်း သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်သည့် နေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူနာတင်ယာဉ်တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက် ပေးခဲ့ရာ ယာဉ်မောင်း ဦးနိုင်လင်းဦးသည် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးနေကြောင်း၊ ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ဟားခါးခရိုင် စခန်းရှိ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဉီးစီးဌာနထံမှ သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးနိုင်လင်းဦးအား ဟားခါးမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MRTV