ဟားခါး ၂၄ နိုဝင်ဘာ

                       

ဟားခါးခရိုင် မီးသတ်စခန်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်လေးရပ်ထက်မြက်ပြီး၊ လေ့ကျင့်သား ပြည့်ဝစေရန် ရည်ရွယ်၍ စစ်ရေးပြလေ့ကျင့်ခြင်းများကို နိုဝင်ဘာလ ပထမအပတ်မှစ၍ အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ စစ်ရေးပြလေ့ကျင့်ခြင်းများကို ဟားခါးခရိုင်မီးသတ်စခန်းမှ စခန်းမှူး(၃)ဦးမှ သင်ကြားပေးပြီး တပ်ဖွဲ့ဝင်(၂၀) ရှိကြောင်းနှင့် အဆိုပါလေ့ကျင့်ရာတွင်၊ စစ်ရေးပြပညာ၊ မီးသတ် ပညာနှင့် ရှာဖွေကယ်ဆယ်ရေး ပညာတို့ကို သတ်မှတ်နေ့ရက်များတွင် သတ်မှတ် ပညာရပ် အလိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ လေ့ကျင့်ခြင်းကာလကို အပတ်စဉ် ဆက်လက်လေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း ဟားခါးခရိုင် မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ် ဦးစီးမှူး ဦးသန်းဌေးထံမှ သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)