ဟားခါး ၊ ၂၈ ဇန်နဝါရီ
ချင်းပြည်နယ် ဟားခါးမြို့တွင် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ပလက်ဖောင်းများ ပြန်လည် ဆေးသုတ်ခြင်းကို ဇန်နဝါရီ ၂၈ ရက်က ဟားခါးမြို့နယ် လမ်းဦးစီးဌာနမှ ဆောင်ရွက်ကြသည်။
အဆိုပါ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ပလက်ဖောင်းများ ပြန်လည်ဆေးသုတ်ခြင်းကို “ပလက်ဖောင်း အရှည် ၃ မိုင်ကျော် ဆေးသုတ်သွားမည် ဖြစ်ကြောင်းနှင့် ဖြူနီပလက်ဖောင်း များကို ဆေးသုတ်ပြီးစီးကြောင်း၊ ဝါနက်ပလက်ဖောင်းများ အသစ်ပြန်လည် ဆေးသုတ်ခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဟားခါးမြို့နယ် လမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ(AE) ဦးဇာအုပ်ထန်းက ပြောပြသည်။
ဟားခါးမြို့ပေါ်တွင် ယာဉ်စီးနင်းသူ ပိုမိုများပြားလာသည်နှင့်အမျှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ပြည်သူများ ပိုမိုသိရှိစေရေးနှင့် လမ်းအမှတ်အသားများ ပိုမိုထင်ရှားစေရေးအတွက် အသစ်ပြန်လည်ဆေးသုတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ခရိုင်(ပြန်/ဆက်)


