ဟားခါး အောက်တိုဘာ ၂
ချင်းပြည်နယ်၊ ဟားခါးမြို့ ဗိုလ်ချုပ်လမ်းနှင့် ရာလ်ဒွန်းစျေးရှေ့တွင် အောက်တိုဘာ ၂ ရက်နေ့ နံနက် ၉ နာရီ အချိန်က ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး ဦးဆောင်၍ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပြီး ဟားခါးမြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ လမ်းသွား၊ လမ်းလာပြည်သူများနှင့် စျေးရောင်း၊ စျေးဝယ်ပြည်သူများအား Mask အခု( ၆၀၀ ) နှင့် ကိုဗစ်−၁၉ အသိပညာပေးလက်ကမ်းစာစောင် အစောင်ရေ( ၁၀၀ ) ကို အခမဲ့ ဖြန့်ဝေခဲ့ကြသည်။
ဟားခါးမြို့တွင် ဇွန် ၁၀ ရက်မှ ယနေ့အထိ ကိုဗစ်−၁၉ ရောဂါပိုးတွေ့လူနာ ၁၀၄၆ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၈၈၄ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၃၂ ဦးနှင် သေဆုံးသူ ၃၀ ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )