ဟားခါး ၂၂ စက်တင်ဘာ
ဟားခါးမြို့ Facility Quarantine ထားရှိသည့် ဟားခါးတက္ကသိုလ် ကနေဒီဆောင်ရှေ့တွင် စက်တင်ဘာလ ၂၂ရက် နံနက် ၁၁နာရီ မိနစ် ၅၀ က ကချင်ပြည်နယ် မြစ်ကြီးနား တပ်ရင်း(၃၀)မှ ချင်းပြည်နယ် ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် Facility Quarantine ဝင်ရောက်သူ ရဲတပ်သား ရွန်ပဲင်းဆန်၏ 125 (Canda) ဆိုင်ကယ်တစ်စီး သော့အိမ်တွင် ရေဝင်ရာမှ ဝိုင်ယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါမီးလောင်မှု ဖြစ်ပွားခဲ့ရာ ချင်းပြည်နယ်မီးသတ်ဦးစီးဌာနမှ ခေတ္တပြည်နယ်ဦးစီးမှူး ဦးကျော်ကျော် ဦးဆောင်၍ ဟားခါးခရိုင်၊မြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်များ၊ မီးသတ်ဆေးဘူး 3KG များ အသုံးပြု၍ ငြှိမ်းသတ်ခဲ့ကြကြောင်း သိရှိရသည်။
မီးလောင်မှုကြောင့် 125(Canda) ဆိုင်ကယ်တစ်စီး ၏ဆုံးရှုံးမှု တန်ဖိုးမှာ တစ်သိန်းခန့်ရှိပြီး အခြားထိခိုက်မှုများမရှိကြောင်း၊ ဆိုင်ကယ်မီးလောင်မှုကြောင့် အရေးယူဆောင်ရွက်ထားခြင်း မရှိကြောင်း ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)
