ဟားခါး         ၁၂      ဇွန်

 

ချင်းပြည်နယ်၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော အသက်(၅၁) နှစ်အရွယ် အမျိုးသားတစ်ဦး ဇွန် ၁၂ ရက် နံနက် နာရီခွဲတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန် သွားကြောင်း သိရသည်။

 

အဆိုပါ ကွယ်လွန်သူမှာ ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာမှ ဦးကီယာန်ဘိခ့်ဖြစ်ပြီး ဇွန် ၁၀ ရက်တွင် ကျန်းမာရေးမကောင်းသဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ လာရောက် ဆေးကုသမှု ခံယူ၍ ဆေးစစ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ Positive ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

ခရိုင်(ပြန်/ဆက် )