ဟားခါးမြို့ကိုယ်စားပြု အလှမယ် သူဇာဝင့်လွင် မယ်စကြ၀ဠာမြန်မာပြိုင်ပွဲ၌ သရဖူဆု ဆွတ်ခူး

ရန်ကုန်၊    ၃၁   ဒီဇင်ဘာ

 

(၈)ကြိမ်မြောက် မယ်စကြ၀ဠာမြန်မာပြိုင်ပွဲ၏ Online Live Show အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက် ညပိုင်းက Novotel Hotel Yangon၊ Max Grand Ballroom ၌ ပြုလုပ်ခဲ့ရာ ဟားခါးမြို့ကိုယ်စားပြု အလှမယ် သူဇာဝင့်လွင်က အလှမယ်သရဖူဆု ဆွတ်ခူးရရှိသွားသည်။

 

အဆိုပါပြိုင်ပွဲတွင် အလှမယ် ၁၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ Miss Universe Myanmar 2020 Winner အဖြစ် ဟားခါးမြို့ကိုယ်စားပြု အလှမယ် သူဇာ၀င့်လွင်၊ 1st Runner Up အဖြစ် မြ၀တီမြို့ကိုယ်စားပြု အလှမယ် ဟန်လေး၊ 2nd Runner Up အဖြစ် မြစ်ကြီးနားမြို့ကိုယ်စားပြု အလှမယ်  မေသဇင်ဦး၊ 3rd Runner Up အဖြစ် ရန်ကုန်တောင်ပိုင်းခရိုင်ကိုယ်စားပြု အလှမယ်  ရေချယ်၊ 4th Runner Up အဖြစ် ပုသိမ်မြို့ကိုယ်စားပြု အလှမယ် မြစန်းသီတာ၊ 5th Runner Up အဖြစ် ဗန်းမော်မြို့ကိုယ်စားပြု အလှမယ် နော်ခရစ္စတင်းတို့က အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

 

ဆုများအဖြစ် Bsc Cosmetology မှ ချီးမြှင့်သော ‘’Miss Healthy Skin By Bsc’’ Title Award အား ဟားခါးမြို့ ကိုယ်စားပြု အလှမယ် သူဇာ၀င့်လွင်၊ DSC Dental Specialist Clinic & Dental Imaging Center မှ ချီးမြှင့်သော ‘’Miss Beautiful Smile’’ Title Award အား မြ၀တီမြို့ကိုယ်စားပြု အလှမယ် ဟန်လေး၊ GAC Motor မှ ချီးမြှင့်သော ‘’Miss Photogenic Title Award အား ဟားခါးမြို့ ကိုယ်စားပြု အလှမယ် သူဇာ၀င့်လွင် ၊ HBT Co.,Ltd မှ ချီးမြှင့်သော ‘’Miss Dentiste’’ Title Award အား ဟားခါးမြို့ ကိုယ်စားပြု အလှမယ် သူဇာ၀င့်လွင်နှင့် Alvaasce’ Myanmar မှ ချီးမြှင့်သော “Best In Evening Gown’’ Title Award တို့အား ဟားခါးမြို့ ကိုယ်စားပြု အလှမယ် သူဇာ၀င့်လွင်တို့က ဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။

 

ယခုနှစ် Miss Universe Myanmar ပြိုင်ပွဲအတွက် ကိုယ်စားပြုအလှမယ်များအား မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၄၁ မြို့မှ ရွေးချယ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြိုင်ပွဲ၀င်အချို့မှာ ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ မြို့ပေါင်း ၃၅ မြို့မှ ကိုယ်စားပြု အလှမယ်များသာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ၂၀၁၃ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် မယ်စကြ၀ဠာ မြန်မာပြိုင်ပွဲ တစ်လျှောက်တွင် ယခုနှစ်သည် ကိုဗစ်-၁၉ ကြောင့် ပရိသတ်များ ပါ၀င်နိုင်ခြင်းမရှိဘဲ Online Show အဖြစ်သာ ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အာကာလင်း