ဟားခါးမြို့၌ ၂၀၁၈-၂၀၁၉  ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဟားခါး ၁၅ မေ  
    

ချင်းပြည်နယ်အတွင်း မြို့နယ်/မြို့စည်ပင်သာယာရေးကော်မတီဥက္ကဌများနှင့် အမှုဆောင် အရာရှိများ ၂၀၁၈-၂၀၁၉   ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ဟားခါးမြို့ပြည်နယ်စည်ပင်သာယာရေး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးထက် တက်ရောက်အမှာစကား ပြောကြားသည်။
    

ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဆလိုင်းလွှန်ဆဝုန်က ချင်းပြည်နယ်အတွင်း ၂၀၁၈-၂၀၁၉ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လဘတ်ဂျက် နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးပြီးစီးမှု အခြေအနေအား Power Point ဖြင့်ရှင်းလင်းဆွေးနွေးသည်။
    

ဆက်လက်၍ ပြည်နယ်အတွင်းရှိ ကန်ပက်လက်၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ ပလက်ဝ၊ ဖလမ်း၊ မတူပီ၊ မင်းတပ်၊ ဟားခါး၊ ကျီခါး၊ ခိုင်ကမ်း၊ ဆမီး၊ ရိခေါဒါရ်၊ ရေဇွာ၊ လိုင်လင်းပီ စသည့် မြို့နယ်များမှ မြို့စည်ပင်သာယာရေးကော်မတီဥက္ကဌများ၊အမှုဆောင်အရာရှိများက သက်ဆိုင်ရာ မြို့အလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှု ဝန်ကြီး ဦးစိုးထက်က တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN