ဟားခါး ဇန်နဝါရီ ၂၉
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇန်နဝါရီ ၂၉ ရက် နံနက် ၆ နာရီခွဲအချိန်၌ အနိမ့်ဆုံးအပူချိန် အနုတ် ၆ ဒဿမ သုည ဒီဂရီ စင်တီဂရိတ်ရောက်ရှိပြီး ၁၉၈၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်ပေါင်း ၄၂ နှစ်အတွင်း ဇန်နဝါရီလအတွက် အနိမ့်ဆုံးအပူချိန် စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း ဟားခါးမြို့၊ ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရုံးမှ သိရသည်။
ဟားခါးမြို့၌ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံးကို ၁၉၈၀ ခုနှစ်မှ စတင်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး ယနေ့ဆိုရင် နှစ်ပေါင်း ၄၂ နှစ်ရှိသွားပြီဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွေမှာ ၄ ဒဿမ ၅ ဒီဂရီ စင်တီဂရိတ် ရောက်ရှိခဲ့ပြီး ယနေ့ နံနက် ၆ နာရီခွဲတွင် အနုတ် ၆ ဒဿမ သုည ဒီဂရီစင်တီဂရိတ် ရောက်ရှိသဖြင့် နှစ်ပေါင်း ၄၂ နှစ်အတွင်း အနိမ့်ဆုံးရောက်ရှိတဲ့နေ့ဖြစ်ကြောင်း ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
မောင်တက်လမ်း


