ဟားခါး ဖေဖော်ဝါရီ ၁
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဖေဖော်ဝါရီ ၁ ရက်၌ မြို့မဈေး၊ ရာလ်ဒွန်းဈေးနှင့် အိမ်ဆိုင်များကို ပုံမှန်ဖွင့်လှစ်လျက်ရှိပြီး နာရီစင်လမ်းဆုံနှင့် ရာလ်ဒွန်းဈေးရှေ့တို့တွင် နံနက်ပိုင်းက ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့က လမ်းသွားလမ်းလာပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် ဆန်သုံးပြည်နှုန်း ဝေငှပေးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG များက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁ ရက်၌ Silent Strike (အသံတိတ်သပိတ်) ဆောင်ရွက်ရန် လှုံ့ဆော်ဝါဒဖြန့်မှုများ ဆောင်ရွက်နေသဖြင့် ဟားခါးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဦးဆောင်၍ ဇန်နဝါရီ ၂၇ ရက်မှစ၍ အကြမ်းဖက်အဖွဲ့များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများ ပါဝင်ပတ်သက်မှု မရှိစေရန် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်တက်လမ်း


