ဟားခါး  ၈  ဇန်နဝါရီ    

 

၂၀၁၉−၂၀၂၀ပညာသင်နှစ်၊ ဟားခါးမြို့၌ ကျင်းပသည့်ချင်းပြည်နယ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၊ ဗိုလ်တိုက်ချွန်းခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဉက္ကဌ ဦးဇိုဘွဲ၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော် ၊ ပြည်နယ်လွှတ်တော် ဒုတိယဉက္ကဌ ဦးတိတ်ထန်း၊ပြည်နယ် ဉပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်၊ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ ၊ကျောင်းသား မိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဟားခါးမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော်သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်ပေးခဲ့ကြပြီး ဂုဏ်ပြုသီဆို ဖွင့်လှစ်ပေးခဲ့ကြသည်။     

 

5

  

  

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  နိုင်ငံတကာပညာရေးကို ရင်ပေါင်တန်းနိုင်ဖို့အတွက် (၂၁)ရာစု ကျွမ်းကျင်မှုများအပြင်၊ မိမိလူမျိုး ၊ မိမိ ယဉ်ကျေးမှု၊ မိမိတို့ရဲ့စာပေများကို ချစ်မြတ်နိုးပြီး ပညာတတ် လူကောင်းလူတော်များဖြစ်ကြဖို့ အရေးကြီးကြောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများကို ဗလငါးတန်နှင့် ပြည့်စုံဖို့အတွက် နိုင်ငံတော် အနေဖြင့် စီမံချက်များရေးဆွဲပြီး လေ့ကျင့်ပေးလျက်ရှိကြောင်း ၊ မိဘများ ၊ စေတနာရှင်၊အလှူရှင်များ ၊ ဌာနဆိုင်ရာများနှင့် အစိုးရအဖွဲ့များက ပံ့ပိုးကူညီလျက်ရှိပါကြောင်း ၊ အတွေးခေါ်မှန်ကန်၍ အကျင့် စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေး ဖော်ဆောင်နိုင်ရန် တက်ညီလက်ညီ ပါဝင်ဆောင်ရွက်သွားကြဖို့လိုကြောင်း အမှာစကား ပြောကြားသည်။

 

1

                                                                                                         

ဆက်လက်ပြီး ပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်က ချင်းပြည်နယ်အတွင်းရှိ ပညာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီးနောက် ၂၀၁၉ − ၂၀၂၀ ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် ၊ ပြည်နယ်လွှတ်တော်ဉက္ကဌ ဦးဇိုဘွဲနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး ဟားခါးမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၊ ကျောင်းသား၊ ကျောင်းသူလေးများမှ ပညာသည်သာရတနာ သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည်။ 

 

2

                                                                                                                                   

ယင်းနောက် ပညာရေးစုံညီပွဲတော်မုဒ်ဦးအား ပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဉက္ကဌ ဦးဇိုဘွဲ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူလေးများ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

 

3

 

ကျော်စွာ(ပြန်/ဆက်)