ဟားခါး  ဩဂုတ် ၁၅

 

ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်‌ရေးအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး အလုံး ၂၀၀ ထုတ်လုပ်နိုင်သည့်  အောက်ဆီဂျင်စက်ရုံကို ဩဂုတ်လ ဒုတိယပတ်မှစ၍ စတင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

           

အဆိုပါ အောက်ဆီဂျင်စက်ရုံသည် (၃၀ x ၆၀ x ၁၅ )ပေရှိ RC အဆောက်အအုံ အမျိုးအစားဖြစ်ပြီး ယင်းအောက်ဆီဂျင်စက်ရုံနှင့် အောက်ဆီဂျင်စက်များကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

           

ယခုတည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၂၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ဟားခါးမြို့၏ အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့်အပြင် ဖလမ်းမြို့နှင့် ထန်တလန်မြို့တို့မှ အောက်ဆီဂျင်များ လာရောက်ဖြည့်တင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အလားတူ ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မတူပီမြို့၌လည်း တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၂၀၀ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(ပြည်နယ် ပြန်/ဆက်)