ဟားခါး ၂၅  မတ်

 

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သည့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး၊ မီးလောင်မှု ဖြစ်ပေါ်ပါက လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ အထပ်မြင့် အဆောက်အဦများတွင် မီးဘေးအန္တရာယ် ကြုံတွေ့ပါက မီးငြှိမ်းသတ်ခြင်းနှင့် လူနာရှာဖွေ ကယ်ဆယ်ခြင်း ဇာတ်တိုက် သရုပ်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ကျောဘုတ်ရပ်ကွက်တွင် ဆောက်လုပ်လျက်ရှိသည့် Hakha Hotel အထပ်မြင့် အဆောက်အဦ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

ရှေးဦးစွာ အဆိုပါ အထပ်မြင့်အဆောက်အဦတွင် မီးငြှိမ်းသတ်ခြင်းနှင့် လူနာရှာဖွေ ကယ်ဆယ်ခြင်း လုပ်ငန်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြပြီးနောက် ဟားခါးမြို့ ထူးဆန်းသစ် စက်သုံးဆီ အရောင်းဆိုင်တွင် အရောင်းဝန်ထမ်းများအား မီးငြှိမ်းသတ်နည်းများကို လက်တွေ့ သရုပ်ပြခဲ့ကြရာ ဟားခါးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်  မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးသျှန်နွန်မောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကြည့်ရှု၍ မီးဘေး ကြိုတင်ကာကွယ်နိုင်ရေး မီးဘေးအန္တရာယ် ကြုံတွေ့ရပါက စနစ်တကျဖြင့် မှန်ကန်စွာ မီးငြှိမ်းသတ်နိုင်ရေး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပညာပေး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)