ဟားခါး    ၂၃  အောက်တိုဘာ                  

 

ဟားခါးမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သဘာဝဘေးကျရောက်လာပါက အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဟားခါးမြို့နယ် မီးသတ် ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးသျှန်နွမ်မောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၂၃ ရက်နေ့တွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

 

mdn

 

ဟားခါးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်လဲပြိုခြင်း၊ အိမ်ပြိုခြင်းစသည့် သဘာဝဘေးနှင့် ယာဉ်မတော်တဆ ဖြစ်ပွားခြင်းများ ဖြစ်ပေါ် လာပါက အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် တုံ့ပြန်ဆောင်ရွက် နိုင်ရေး ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအသင့်စုဖွဲ့ ထားကြောင်း  ဟားခါးမြို့နယ် မီးသတ် ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသျှန်နွမ်မောင်ထံမှ သိရှိရသည်။

 

ဟားခါးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သဘာဝဘေးဖြစ်ပေါ်လာ ပါက အရေးပေါ်ဖုန်း ၁၉၁ ဟားခါးမြို့နယ် မီးသတ်ရုံးဖုန်း ဝ၇၀၂၀၂၁၁၈၃၊ မြို့နယ်မှူး ဖုန်း ဝ၉၄၂၅၃၅၀၃၉၈၊ ဝ၉၇၇၀၂၆၀၂၁၉ စခန်းမှူးဖုန်း ဝ၉၂၅၀ဝ၅၆၆၉၂ ၊(မှတ်ချက်ဖုန်း ၁၉၁ ခေါ်ဆိုပါက မိမိဖုန်းဘီလ် ဖြတ်တောက်ခြင်း မရှိပါ) စသည့် အရေးပေါ်ဖုန်းများကို ဆက်သွယ်နိုင်ကြောင်း ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးသျှန်နွမ်မောင်ထံမှ သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)