ဟားခါး  ၂၅  ဇူလိုင်

 

ဟားခါးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ယနေ့ နံနက် နာရီမှစတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးများတွင် ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။

 

မဲဆန္ဒရှင်စာရင်းများကို  ဇူလိုင် ၂၅ ရက်နေ့မှစ၍ (၁၄) ရက်ကြာ ကပ်ထားကြေညာထားမှာဖြစ်ပြီး မဲစာရင်း လာရောက်ကြည့်ရှုနိုင်ရေး နှိုးဆော်တာတွေ၊ မဲစာရင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းတွေ၊ မဲစာရင်းမှာ မပါသေးတဲ့သူတွေ စတာတွေကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နေ့စဉ်ကြီးကြပ်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်"ဟု ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဉီးစီးအရာရှိ ဉီးထောင်ဇလန်းက ပြောသည်။

 

ဟားခါးမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား ၁၈၇၄၆ ဉီး၊ ၂၀၉၅၀ ဉီး စုစုပေါင်း ၃၉၆၉၆ ဉီးရှိပြီး မဲစာရင်းများကြေညာခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်များနှင့်အတူ လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းလူငယ်များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(ခရိုင် ပြန် / ဆက်)

 

116154140_216250402970987_914163998132389050_n

 

115801796_212076310148317_3634416176986734511_n

 

IMG_0056