ဟားခါး ၈ ဇူလိုင်                         

            

ချင်းပြည်နယ် ဟားခါးမြို့တွင် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း  ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပ မထွက်ကြရန်နှင့် နေအိမ်ပြင်ပထွက်ပါက နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်အသုံးပြုရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည့် ကျန်းမာရေး လမ်းညွှန်ချက် များကို တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေး ဟားခါးမြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီက လိုက်လံအသိပေး နိူးဆော်ခြင်းများကို ဆောင်ရွက်လျက် ရှိပြီး စစ်ဆေးအရေးယူခြင်းကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၈ ရက်တွင် လိုက်နာ ဆောင်ရွက်ခြင်းမရှိသူ ၂၀  ကို  မြို့နယ် COVID-19 ရောဂါ ကာကွယ်ရေး နှင့်တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီက စစ်ဆေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကူးစက်ရောဂါများ နှိမ်နှင်းရေး ဉပဒေပုဒ်မ (၁၅)ဖြင့် တရားစွဲအရေးယူခဲ့ကြောင်း သိရသည်။

 

ချင်းပြည်နယ် ဟားခါးမြို့အတွင်း ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင်  မြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ လမ်းဆုံနေရာများတွင် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့်အတူ လိုက်နာဆောင်ရွက်ခြင်းမရှိသည့် သူများကို ဖမ်းဆီးအရေးယူ ခဲ့ခြင်းဖြစ်တယ်လို့  မြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီအတွင်းရေးမှူး မြို့နယ်ကျန်းမာရေးဌာနထံမှသိရသည်။

 

Coronavirus Disease 2019(COVID-19)နှင့်ပတ်သက်၍ ဒေသခံပြည်သူများ အလေးထား နေထိုင်မှု လျော့ကျမသွားစေဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အတူ ချင်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာ ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန်နှင့် ပညာပေး နှိုးဆော်သည့် လုပ်ငန်းများနှင့်အတူ စစ်ဆေးအရေးယူမှုများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း         ဟားခါးမြို့နယ်  COVID-19 ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

 

ခရိုင်ပြန်/ဆက်