ဟားခါး ၁၈ မတ် 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်ဆေးတက္ကသိုလ်(၂)မှ ပါမောက္ခ ဒေါက်တာစောကလယ်ခူ (ပါမောက္ခဌာနမှူး၊သားဖွားမီးယပ်) ဦးဆောင်သောအဖွဲ့သည် မတ် ၁၇ ရက်မှစတင်ကာ ဟားခါးပြည်သူ့ဆေးရုံကြီး၌ အထွေထွေရောဂါလူနာများအား အခမဲ့ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။

 

0158

 

အဆိုပါ ဆေးကုသမှုကို ပါမောက္ခဒေါက်တာစောကလယ်ခူ (ပါမောက္ခဌာနမှူး၊သားဖွားမီးယပ်) ဦးဆောင်သောအထူးကုဆရာဝန်ကြီးများနှင့်အတူ ဟားခါးမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မျိုးလှိုင်နှင့်တာဝန်ရှိသူများက အထွေထွေရောဂါ ၊ သားဖွားမီးယပ်၊ ခွဲစိတ်လူနာ ၊ ကလေး၊ အရိုးအကြော စသည့်လူနာများအား အခမဲ့ဆေးကုသပေးလျက်ရှိရာ ပြင်ပလူနာ ၃၅၁ ဦး ၊ ခွဲစိတ် လူနာ၁၂ ဦး၊ အရိုးအကြောလူနာ ၅ဦးတို့ကို မတ်လ ၁၇ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ကုသပေး လျက်ရှိကြောင်း ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN

0101