ဟားခါး ၇ မတ်

 

ချင်းပြည်နယ်၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ ပထမဦးဆုံးအကြိမ် သုံးမြွှာပူးမွေးဖွားသည့် ဈေးသစ်ရပ်ကွက်နေ ဒေါ်ဇိုင်ပါရ်အား ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ကြပြီး မိခင်နှင့် အမြွှာကလေးများအတွက် ငွေကျပ်(၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အမြွှာကလေးငယ် (၃)ဉီးကို မတ် ၅ ရက်တွင် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာစန္ဒာထွန်းနှင့် သားဖွားမီးယပ်ဆရာဝန် ဒေါက်တာဘွေချင်းတီလ်တို့ ဦးဆောင်၍ သူနာပြုဆရာမကြီးများဖြင့် အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး  မိန်းကလေး(၂)ဦး ယောကျာ်းလေး (၁)ဦးဖြစ်ကာ မိခင်နှင့်ကလေးများ ကျန်းမာလျက်ရှိသည်။

 

ဟားခါးပြည်သူ့ဆေးရုံကြီးတွင် မွေးဖွားသည့် မိခင်နှင့် အမြွှာကလေးများအတွက် ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးအနေဖြင့် တစ်ဦးလျှင် လစဉ် ကျပ် ၁၅၀ဝ၀ နှုန်းဖြင့် (၃)လတစ်ကြိမ် ထောက်ပံ့ကြေး ရရှိနိုင်ရေး  MCCT  အကျိုးခံစားခွင့်ရရှိသူ အမည်စာရင်းတွင် မိခင်အမည်မှ ကလေးများအမည်သို့ ပြောင်းလဲမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် Case Manager နှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကျော်စွာ(ပြန်/ဆက်)