ဟားခါး ၂၇ နိုဝင်ဘာ
ချင်းပြည်နယ် ဟားခါးမြို့၌ နိုဝင်ဘာ ၂၅ ရက်က မြို့အတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များအား သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ မရှိ ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရုံးချုပ်(နေပြည်တော်)မှ ဒေါက်တာ မျိုးဇာနည်စောနှင့်အတူ ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနရုံး၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနရုံးနှင့် ပြည်နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများက ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ဆေးဝါးရောင်းချနေသူများ၊ ဆေးဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
မြင့်နိုင်စိုး(ပြန်/ဆက်)