ဟားခါး  ၁၅  ဇွန်         

           

ချင်းပြည်နယ် လူမှုဝန်ထမ်းဉီးစီးဌာနနှင့် ဟားခါးခရိုင် အမျိုးသမီးကော်မတီတို့ပူးပေါင်း၍ အမျိုးသမီးများ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ခရိုင်အမျိုးသမီးကော်မတီ (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ချင်း ပြည်နယ် လူမှုဝန်ထမ်း ဉီးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

ကော်မတီ အစည်းအဝေးတွင် ပြည်နယ်လူမှုဝန်ထမ်းဉီးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက နိုင်ငံတော်မှ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဉီးစီးဌာနသည် အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၁၃−၂၀၂၂)ကိုရေးဆွဲဆောင်ရွက်ခဲ့ရာ အဓိက နယ်ပယ်(၁၂)ချက် ဖြစ်သည့်အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေးနှင့် လေ့ကျင့် သင်ကြားရေး၊ ကျမ်းမာရေး ၊ အကြမ်းဖက်မှုတားဆီး ကာကွယ် ရေး ၊ အရေးပေါ်အခြေအနေ၊ စီးပွားရေး ၊ ဆုံးဖြတ်ချက် ချမှတ်ရေး ၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်း ယန္တရားများ ၊ လူ့အခွင့်အရေး ၊ မီဒီယာ ၊ သဘာဝပတ်ဝန်းကျင်နှင့် သမျိုးသမီးငယ်ရွယ်များ စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး နောက်လုပ်ငန်းများပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းပေးကြစေလိုကြောင်း ဉီးစွာမိတ်ဆက် ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်အမျိုးသမီးကော်မတီအဖွဲ့ဝင်များက အမျိုးသမီးများ ကဏ္ဍဖွံဖြိုး တိုးတက်ရေး အပါအဝင်အမျိုးသမီးများ၏ အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး ၊ ပညာပေး လုပ်ငန်းများ၊ ဟောပြောပွဲများ ဆောင်ရွက်ခြင်းတို့ကိုနှင့် ပတ်သက်၍ရှင်းလင်း တင်ပြကြရာ ပြည်နယ် လူမှုဝန်ထမ်းဉီးစီးဌာန ညွှန်ကြား ရေးမှူးဒေါ်ခင်သူဇာက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရ သည်။

 

ခရိုင်(ပြန်/ဆက်)