ဟားခါး  ၁၃ အောက်တိုဘာ

ချင်းပြည်နယ် ဟားခါးမြို့တွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ ၉၅ ဦးအား  အောက်တိုဘာ ၁၂ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိသူမရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲများအနေဖြင့် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲကျင်းပစဉ် ကာလအတွင်း တာဝန်ကျရာမဲရုံများတွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်ပူးပေါင်း၍ မဲရုံလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ကြရမှာ ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေးခြင်းဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

အဆိုပါ အထူးရဲသင်တန်းသား ၉၅ ဦးအပြင် မဲရုံတာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)