ဟားခါး ၂၁ နိုဝင်ဘာ

 

ဟားခါးမြို့တွင်း ရေဖြန့်ဝေပေးသည့် ဂါလန်(၄)သိန်းဆံ့ ရေစစ်ကန်သန့်ရှင်းရေး လုပ်ဆောင်ပြီးနောက် နိုဝင်ဘာ ၂၀ရက်နေ့တွင်  သောက်သုံးရေများ ပြန်လည် ရေသွင်းပေးပြီ ဖြစ်ကြောင်း ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေကန်အတွင်းရှိ နုန်းသဲများ ခပ်ထုတ်ပေးခြင်း၊ ရေကန်သန့်ရှင်းအောင် ဆေးကြောခြင်း အပါအဝင် ပြည်သူများ သောက်သုံးရေ သန့်ရှင်းစွာ အသုံးပြုနိုင်ရန်အတွက် ရေစစ်ကန် သန့်ရှင်းရေးကိုဆောင်ရွက် ပေးခဲ့ပြီးဖြစ်၍ ပြည်သူများ သောက်သုံးရေ အလျင်အမြန် ပြန်လည်ရရှိနိုင်ရန်အတွက်  ရေသွင်းပေးပြီး သောက်သုံးရေ ဖြန့်ဝေခြင်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

 

အဆိုပါရေစစ်ကန်ကို ဟားခါးမြို့တွင်းရှိ ရပ်ကွက်အားလုံးတွင် သန့်ရှင်းသည့် သောက်သုံးရေ ဖြန့်ဝေပေးသည့် ရေစစ်ကန်ကြီးဖြစ်ကြောင်း၊ ဟားခါးမြို့ သီးမစ်ချောင်းမှ ရေများကို အဆိုပါ ရေစစ်ကန်တွင် ရေသန့်စင်စေပြီး မြို့ပေါ်ရပ်ကွက်များကို ဖြန့်ဝေခြင်း ဖြစ်ကြောင်း၊ အဆိုပါ ရေစစ်ကန်သည် ဂါလန်(၄)သိန့်ဆံ့ကြောင်း ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။

 

အောင်ခွီရှိန်း (ခရိုင်ပြန်/ဆက်)

 

mdn