ဟားခါး ၂၉  ဇန်နဝါရီ   

 

ချင်းပြည်နယ်အတွင်း ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနနှင့် မန္တလေးမြို့ ရှိုင်းဟုပ် ပရဟိတဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကင်ဆာရောဂါကြောင်း အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ ခွဲက ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ၊ စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။

 

96325

 

ဆွေးနွေးပွဲတွင် မန္တလေးမြို့ ရှိုင်းဟုပ်ပရဟိဖောင်ဒေးရှင်းမှ ဒေါက်တာရှိန်းကိုကိုက ကင်ဆာရောဂါဖြစ် ပွားရသော အဓိကအကြောင်းအရင်းများနှင့် ကြိုတင်ကာကွယ်ခြင်းများအားလည်းကောင်း ၊ မန္တလေးမြို့ ရှိုင်းဟုပ် ပရဟိဖောင်ဒေးရှင်းမှ ဒေါက်တာ ဉီးထွန်းအောင်ကျော်က မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ ထုတ်ပြန်ထားသော သတိပေးချက်များအား အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

 

741

 

အဆိုပါ ဆွေးနွေးပွဲသို့ ဟားခါးမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးတင့်ဝေ၊ မြို့နယ်နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး မန္တလေးမြို့ ရှိုင်းဟုပ် ပရဟိဖောင်ဒေးရှင်း အနေဖြင့် ကင်ဆာရောဂါ (မြစ်ပွားနာ)နှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာများကို ပညာဒါန ဝန်ဆောင်မှုပေးရန်နှင့် ကျန်းမာရေး အသိပညာဖြင့် ကျန်းမာပျော်ရွှင်သော မိသားစုဘဝများ ပိုင်ဆိုင်ပြီး ဆေးရုံ၊ဆေးခန်းများ မရောက်စေရန်ရည်ရွယ်၍ ထန်တလန် ၊ ဟားခါး ၊ ဖလမ်းမြို့နယ်များတွင် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့ ရှိုင်းဟုပ် ပရဟိဖောင်ဒေးရှင်းမှ ဒေါက်တာရှိန်းကိုကိုထံမှ သိရှိရသည်။

 

ကျော်စွာ(ပြန်/ဆက်)