ဟားခါး၊ ၁၆ ဒီဇင်ဘာ
ဟားခါးပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်သိန်း (၂၀)တန်ဖိုးရှိ ကျန်းမာရေးသုံးပစ္စည်း လှူဒါန်းခြင်းကို ဒီဇင်ဘာ ၁၆ ရက်က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပေးအပ်ရာတွင် ငွေကျပ်သိန်း (၂၀) တန်းဖိုးရှိ ကျန်းမာရေးသုံးပစ္စည်းဖြစ်သည့် Machine CPAP (၁)ခု လှူဒါန်းခြင်းကို ဟားခါးပြည်သူ့ဆေးရုံကြီး အသုံးပြုနိုင်ရန်အတွက် မဇ္ဇျိမ ပရဟိတအဖွဲ့ (ရန်ကုန်မြို့နယ် မြောင်းမြမြို့) မှ ပေးအပ်လှူဒါန်းခဲ့ရာ ဟားခါးပြည်သူ့ဆေးရုံအုပ်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


