ဂျေရုဆလင် ဧပြီ ၂၂
ဟားမတ်စ်အဖွဲ့အား အရှိန်အဟုန်မြှင့် ဖြိုခွင်းသွားမည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဧပြီ ၂၁ ရက်တွင် ပြောကြားသည်။
အချိန်နှင့် နေရာကို အသေးစိတ်မဖော်ပြဘဲ “လာမည့်ရက်များအတွင်း ဟားမတ်စ်အဖွဲ့အပေါ် အရေးယူဆောင် ရွက်မှုများပြုလုပ်မည်”ဟု နေတန်ယာဟု က ထပ်လောင်းပြောကြားသည်။
“လာမည့်ရက်အနည်းငယ်အတွင်း အစ္စရေးသည် ဟားမတ်စ်များအပေါ် စစ်ရေးနှင့် သံတမန်ရေးရာ ဖိအားများ တိုးမြှင့်မည်ဖြစ်ပြီး ယခုကဲ့သို့ တိုးမြှင့်ခြင်းသည် ဓားစာခံများ လွတ်မြောက်ရန် အတွက်ဖြစ်သည်”ဟု ၎င်းက မှတ်ချက်ပြု ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းတွင် ခိုလှုံနေကြသော အရပ်သားတစ်သန်းကျော်ကို ထိခိုက်နိုင်သောကြောင့် တိုက်ခိုက်ခြင်းမှ ရှောင်ကြဉ်ရန် နိုင်ငံတကာမှ တောင်းဆိုခဲ့သော်လည်း အစ္စရေးတပ်ဖွဲ့က ရာဖယ်မြို့ကို မြေပြင် ထိုးစစ်စတင်မည်ဟု နေတန်ယာဟုက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ