ဂျေရုဆလင်    အောက်တိုဘာ   ၁၇

 ဟားမတ်စ်စစ်သွေးကြွအဖွဲ့က    ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်တွင်   အမျိုးသမီး ဓားစာခံတစ်ဦး၏   ဗီဒီယိုဖိုင်ကို  အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။ ၎င်းဗီဒီယိုတွင် အသက် ၂၁ နှစ်ရှိ မိုင်ရာရှန် ဟု အမည်ရသည့် ဓားစာခံအမျိုးသမီးက မိမိသည်  ဂါဇာဒေသရှိ ဆေးရုံတွင် လက်ခွဲစိတ်မှု ခံယူခဲ့ ကြောင်း ဟီးဘရူးဘာသာစကားဖြင့် ပြောကြား ခဲ့သည်။

ခွဲစိတ်ကုသမှုခံယူ

ပါတီပွဲတစ်ခုကျင်းပသည့် အချိန်တွင် တိုက်ခိုက်မှုဖြစ်ပွားရာ လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် သုံးနာရီကြာ ခွဲစိတ်ကုသမှုခံယူခဲ့ရာ ဟားမတ်စစ်သွေးကြွ အဖွဲ့ဝင်များက မိမိကို ဆေးကုသခွင့်ပေးခဲ့ပြီး ယခုအချိန်တွင် မိမိနေအိမ်သို့ ပြန်ပို့ပေးရေး တောင်းဆိုထားကြောင်း   ၎င်းက ထပ်လောင်း ပြောကြားသည်။  အောက်တိုဘာ ၇ ရက်တွင်    ဟားမတ်စ်စစ်သွေးကြွများက   ဂါဇာ ကမ်းမြောင်နှင့်  ကပ်လျက်ရှိ  အစ္စရေးမြို့များကို ပြင်းထန်စွာ  ထိုးစစ်ဆင်ခဲ့ပြီး  ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ ထို့ပြင် ဟားမတ်စ်စစ်သွေးကြွများက ဂါဇာဒေသခံများကို ပစ်ခတ်ကာ ၎င်းတို့ထဲမှ အချို့ကို ဖမ်းဆီးခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ဓားစာခံ ၁၉၉ ဦး ထက်မနည်း   ဖမ်းဆီးထိန်းသိမ်းထားကြောင်း  အစ္စရေး စစ်တပ်က ထုတ်ပြန်ခဲ့ပြီး ဂါဇာကမ်းမြောင် ဒေသတွင်   အစ္စရေးသုံ့ပန်း  ၂၀၀ မှ ၂၅၀ အထိ ထိန်းသိမ်းထားရှိသည်ဟု   ဟားမတ်စ်ကလည်း အပြန်အလှန်  ပြောကြားခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ