ဟာရီကိန်းမုန်တိုင်း ဒိုရီယန်သည် ဖလော်ရီဒါပြည်နယ်ကို ချဉ်းကပ်ဝင်ရောက်လာလျက်ရှိပြီး အသက်အန္တရာယ်ရှိသည့် မုန်တိုင်းဖြစ်ကြောင်း အမေရိကန် မိုးလေဝသ တာဝန်ရှိသူများက သတိပေးလျက်ရှိသည်။

ဟာရီကိန်းမုန်တိုင်း ဒိုရီယန်သည် အင်္ဂါနေ့တွင် တစ်နာရီကို ၉ ဒသမ ၆ ကီလိုမီတာ နှုန်းဖြင့် အနောက်မြောက်ဘက်ကို ရွေ့လျားနေကြောင်း ဒေသစံတော်ချိန် နံနက် ၁၀နာရီတွင် ဒိုရီယန်မုန်တိုင်းသည် ဖလော်ရီဒါ ကမ်းခြေကို ဝင်ရောက်မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု အမျိုးသားဟာရီကိန်းစင်တာမှ ပြောကြားသည်။

အင်္ဂါနေ့မှမုန်တိုင်းစတင် တိုက်ခတ်လျက်ရှိပြီး သောကြာနေ့တွင် အမေရိကန်ပြည်ထောင်စု အရှေ့ဘက် ကမ်းရိုးတန်းတစ်လျှောက် နှင့် မြောက်ဘက်တို့ကို ဖြတ်ကျော်ဝင်ရောက်မည်ဟု မျှော်လင့်ထားကြောင်း မုန်တိုင်းကို အဆင့်ငါးဆင့် သတ်မှတ်ထားပြီး ယခုမုန်တိုင်းကို အန္တရာယ်အဆင့် နှစ် အဖြစ်သတ်မှတ်ထားသည်ဟု ဆိုသည်။

ဒိုရီယန် မုန်တိုင်းသည် တစ်နာရီလျှင် ၁၇၇ကီလိုမီတာ နှုန်းဖြင့်တိုက်ခတ်နေပြီး ကမ္ဘာ့လေထု၏ ဖိအား ၉၅၈ ဟိုက်တိုပါစကေးရှိကြောင်း အဆိုပါ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

ဒိုရီယန်ကြောင့် မိုးရေချိန် ၃၀ဝမီလီမီတာအထိ ရောက်ရှိနိုင်ပြီး လှိုင်းတံပိုးများမှာ ၂မီတာကျော်အထိ မြင့်တက်နိုင်သည်ဟု ဆိုသည်။ 

ဂျော်ဂျီယာနှင့် တောင်ကာရိုလိုင်းနားရှိ လူပေါင်း တစ်သန်းသည် ရေကြီးမှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ကယ်ဆယ်ရေးများပြုလုပ်ပေးရန် သတိပေးချက်များ ထုတ်ပြန်ထားလျက်ရှိကြောင်း ဖလော်ရီဒါပြည်နယ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

ဖလော်ရီဒါနှင့် အခြားပြည်နယ်များနယ်တွင် ပြီးခဲ့သည့်နှစ်အတွင်း ဟာရီကိန်းမုန်တိုင်းကြောင့် လူပေါင်း ၃၀ကျော် သေဆုံးခဲ့သည် လူအများအနေဖြင့် ဂရုတစိုက် နေထိုင်ကြရန် သတိပေးလျက်ရှိသည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn