၂၉ အောက်တိုဘာ

 

ဟာရီကိန်းမုန်တိုင်း ဇီတာသည် အမေရိကန်ပင်လယ်ကွေ့ကမ်းခြေသို့ မုန်တိုင်းအမျိုးအစား အဆင့်နှစ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက တိုက်ခတ်သွားခဲ့သည်။

 

ဟာရီကိန်းမုန်တိုင်း ဇီတာသည် မစ္စစ္စပီအရှေ့တောင်ဘက်သို့ ရွေ့လျားသွားကာ အားပျော့သွားခဲ့ကြောင်းနှင့် ယမန်နေ့ညက တစ်နာရီလျှင် မိုင် ၉၀ တိုက်ခတ်ခဲ့ကြောင်း ဟာရီကိန်းစင်တာ၏အဆိုအရ သိရသည်။

 

နယူးအော်လင်းမြို့တော်ဝန် လာတိုရာ ကန်ထရယ်လ် က မုန်တိုင်းတိုက်ခတ်သောမြို့ရှိ ပြည်သူများအား နေအိမ်တွင်နေထိုင်ကြရန် တိုက်တွန်းပြောကြားထားပြီး ဇီတာမုန်တိုင်းကြောင့် ပျက်စီးသွားသော အပျက်အစီးများတန်းဖိုးပမာဏတွက်ချက်ရန် တာဝန်ရှိသူများကို ပြောကြားထားသည်။

 

ဇီတာမုန်တိုင်းသည် တစ်နာရီလျှင် မိုင် ၁၁၁ ကျော် တိုက်ခတ်ခဲ့ရာ မုန်တိုင်းအမျိုးအစားအဆင့် သုံး ကို ရောက်လုနီးပါး ဖြစ်သည်အထိ တိုက်ခတ်မှုအားကောင်းခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို