၂၈ ဩဂုတ်

 

 

အမေရိကန်နိုင်ငံ တောင်ပိုင်း လူဝီဆီယားနား ပြည်နယ်တွင်  ဟာရီကိန်း မုန်တိုင်းတစ်ခု တိုက်ခတ်မှုကြောင့် အကြီးအကျယ် ပျက်စီးခဲ့ပြီး အနည်းဆုံး လူလေးဉီး သေဆုံးခဲ့သည်ဟု ဆိုသည်။

 

 

လော်ရာ ဟာရီကိန်း မုန်တိုင်းကြောင့် ကြာသပတေးနေ့ နံနက်ပိုင်းက  ပြင်းအား အဆင့်လေး ရှိသည့် မုန်တိုင်း တိုက်ခတ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် ပျက်စီးမှု အများဆုံးဖြစ်သည်။

 

 

သေဆုံးသူ လေးဉီးထဲတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေး ပါဝင်ပြီး သူမ၏ နေအိမ်အပေါ်သို့ သစ်ပင်ပြိုကျပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ကမ်းရိုးတန်းမြို့များတွင် လေပြင်းများ တိုက်ခတ်မှုကြောင့် အိမ်ခေါင်မိုးများ အပေါ်သို့ လန်နေသည့် ပုံများကို ဝေဟင်မှ ရိုက်ကူးထားသည့် ပုံများအရ မြင်တွေ့ရသည်။

 

 

လမ်းများနှင့် အဆောက်အဉီများ ရေကြီးနေသည့် ပုံများကိုလည်း ဖော်ပြထားသည်။

 

 

ပြည်နယ်ရှိ စက်ရုံတစ်ရုံ၌ မီးလောင်မှု ဖြစ်ပေါ်ခဲ့သဖြင့် ကလိုရင်းဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသန္တရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ဒေသခံများအတွက် လုံခြုံမှု သေချာစွာ မပေးနိုင်မချင်း အိမ်ထဲတွင် နေထိုင်ကြရန်  ၎င်းတို့က တိုက်တွန်းထားသည်။

 

 

ကြာသပတေးနေ့ ညနေအတွင်းက လူဝီးစီယားနားပြည်နယ်နှင့် နီးကပ်သည့် တက္ကဆတ်ပြည်နယ် အပါအဝင် ပြည်နယ်လေးခုရှိ အိမ်ထောင်စု ၈၀ဝ၀ဝ၀ မှာ လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။

 

 

ကိုရိုနာဗိုင်းရစ် ကူးစက်မှုမှ တားဆီးကာကွယ်ရန်အတွက် လူအများအား ဘေးလွှတ်ရာ နေရာဖြစ်သည့် ဟိုတယ်များသို့ ပြောင်းရွေ့ နေရာချထားမည်ဖြစ်ကြောင်း ‌အစီရင်ခံဖော်ပြထားသည်။

 

 

လော်ရာကို အပူပိုင်းမုန်တိုင်းအဖြစ် သတ်မှတ်ခဲ့ပြီး လေးပြင်းများ တိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်သေးကြောင်း  ဒေသန္တရ တာဝန်ရှိသူများက ပြည်သူများကို သတိပေးလျက်ရှိသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်