နေပြည်တော်၊  ဩဂုတ်

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  ဟာသမြို့တော် ရယ်စရာ စင်တင်ဟာသ တစ်ခန်းရပ်အစီအစဉ်ကို မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား MRTV-HD Channel မှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသပေးလျက်ရှိသည်။

 

ဟာသမြို့တော်ရယ်စရာစင်တင်ဟာသတစ်ခန်းရပ် အစီအစဉ်ကို ဟားစတိုင်လ် လူရွှင်တော်အဖွဲ့မှ စတားကောင်းထက် စီစဉ်ပြီး “ရာဇဝင်ကြိုသိသူများ” ခေါင်းစဉ်ဖြင့် တင်ဆက်မည်ဖြစ်ရာ  အကယ်ဒမီ အောင်ခိုင်၊ စတားကောင်းထက်၊ ကောင်းမွန်၊ ဘာမီတွန်၊ ချမ်းမြေ့၊  တိမ်ညွန့်၊ ရာကျော်၊ နိုင်မိုး၊ မတူး၊ ကြူကြူသင်းနှင့် ခရမ်းတို့က ပါဝင်ဖျော်ဖြေကြမည်ဖြစ်သည်။

 

အဆိုပါ အစီအစဉ်ကို MRTV-HD Channel မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၂ ရက်၊ စနေနေ့ ည()နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး  ဩဂုတ် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ()နာရီ သတင်းအပြီး တွင်လည်း ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)