နေပြည်တော်၊  စက်တင်ဘာ  ၁၂

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  ဟာသမြို့တော် ရယ်စရာ တစ်ခန်းရပ်အစီအစဉ်ကို မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား MRTV-HD Channel မှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသပေးလျက်ရှိသည်။

 

 “ဟာသမြို့တော်ရယ်စရာတစ်ခန်းရပ် အစီအစဉ်ကို ဟားစတိုင်လ် လူရွှင်တော်အဖွဲ့မှ စတားကောင်းထက် စီစဉ်ပြီး “ရှင်းလေ ရှုပ်လေ” ခေါင်းစဉ်ဖြင့် တင်ဆက်မည်ဖြစ်ရာ စတားကောင်းထက်၊ ကောင်းမွန်၊ ဘာမီတွန် ၊ ချမ်းမြေ့၊ နိုင်မိုး၊  ဦးတိမ်ညွန့်၊ ဦးရာကျော်၊ မတူး၊ ရွှေယမင်းနှင့် ဟာသပညာရှင်တို့ ပါဝင်ဖျော်ဖြေကြ မည်ဖြစ်သည်။

 

အဆိုပါ အစီအစဉ်ကို MRTV-HD Channel မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက် စနေနေ့ ည()နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး  စက်တင်ဘာ ၂၀  ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ()နာရီ သတင်းအပြီး တွင်လည်း ထပ်မံထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)