၂၉ ဧပြီး

 


ဗြိတိန်အစိုးရအနေနှင့် ဟွာဝေး 5G နက်ဝက်နှင့်ပတ်သက်ပြီး သတိကြီးကြီးထားသင့်ကြောင်း၊ ဝင်ပေါက်တံခါးတွေ ဖွင့်မပေးခင်မှာ သေသေချာချာ စဉ်းစားဖို့လိုအပ်ကြောင်း  ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီ ဟန့်က ပြောကြားလိုက်ပါတယ်။ 

 


ပြီးခဲ့တဲ့ သီတင်းပတ်က ဝန်ကြီးချုပ် ထရီဇာမေက ဗြိတိန်နိုင်ငံမှာ ဟွာဝေးကုမ္မဏီကို နက်ဝက်တည်ဆောက်ရေး ယာယီ ခွင့်ပြုထားပါတယ်။ 

 


ဒီကနေ့ထုတ် Daily Telegraph သတင်းစာကို နိုင်ငံခြားရေးဝန်ကြီးက “တရုတ်နိုင်ငံက တရုတ်ကုမ္မဏီကြီးကို ထိန်းချုပ်နိုင်မှုနှင့်ပတ်သတ်ပြီး သတိထားဖို့ဆိုရာ ဗြိတိန်နိုင်ငံအနေနှင့် အခွင့်အရေးအပြည့်အဝရှိတယ်။ အခုလိုပြောလို့ ဟွာဝေးဟာ တချိန်လုံး စောင့်ကြည့်နေရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၁၇ ခုနှစ်ဥပဒေအရ ဘယ်သူပိုင်ပိုင် တရုတ်ကုမ္မဏီဟာလုံးဟာ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် တရုတ်ထောက်လှမ်းရေးနဲ့ ပူးတွဲလုပ်ဆောင်ရမယ် ဆိုတာမျိုးက ရှိနေပါတယ်။ ဗြိတိန်အနေနှင့် သေသေချာချားစဉ်းစားပြီးမှ ဆုံးဖြတ်ရမှာ အသေအချာပဲဖြစ်တယ်” လို့ ပြောပါတယ်။ 

 

 

ိိ

 


ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က မနေ့က Telegraph သတင်းစာကို နိုင်ငံ့အကျိုးအတွက်  ဗြိတိန်အနေနှင့် မှန်ကန်တဲ့ဆုံးဖြတ်ကို ချတာမျိုးဖြစ်တယ်။ ဆက်သွယ်ရေးခေတ်ရဲ့ နည်းပညာအသစ် 5G နက်ဝပ်ဟာ ပြီးပြည့်စုံနေပြီတော့ မဟုတ်ဘူး အကောင်းဆုံးဖြစ်အောင် ဆက်လက်လုပ်ကိုင်ဖို့ ရှိနေတယ် လို့ ပြောပါတယ်။ 

 


ဗြိတိန်အနေနှင့် ဟွာဝေးရဲ့ 5G နက်ဝက်နှင့် ပတ်သတ်ပြီး နောက်ဆုံးဆုံးဖြတ်ချက်ကို လာမယ့် ဇွန်လမှ ကြေငြာမှာဖြစ်ပါတယ်။ 

 


MDN
ကိုးကား - AFP