၂၃ ဇန်နဝါရီ

 

ကနေဒါနိုင်ငံမှ တရုတ်နည်းပညာကုမ္ပဏီ၏ အမှုဆောင်တစ်ဦးအား မူရင်းတရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းမှုကို ကြိုးပမ်းမည်ဖြစ်ကြောင်း အမေရိကန်တရားစီရင်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

mdn

 

အမေရိကန်အာဏာပိုင်များ၏ တောင်းဆိုမှုအရ ဗန်ကူးဗားမြို့တွင် ဟွာဝေးကုမ္ပဏီ၏ အလုပ်အမှုဆောင် မန်ဝန် ကျို့အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အမေရိကန်ပိတ်ဆို့ထားသည့် အီရန်နိုင်ငံနှင့်ပတ်သက်၍ ကုမ္ပဏီ၏ ချိုးဖောက်မှုတွင် ပါဝင်မှုရှိသည့်ဟု စွပ်စွဲခံခဲ့ရခြင်းဖြစ်သည်။  မန်သည် ယခုအချိန်တွင် အာမခံဖြင့် ရှိနေခြင်းဖြစ်ပြီး ဇန်နဝါရီလကုန်တွင် မူရင်းနိုင်ငံသို့ ပြန်ပို့မည့် တောင်းဆိုချက်တစ်ရပ်ကို ဝါရှင်တန်က ထုတ်ပြန်ခဲ့သည်။

 

ဖမ်းဝရမ်းကို ပြန်လည်ရုပ်သိမ်းပေးရန်နှင့် ကနေဒါနိုင်ငံမှ မူရင်းနိုင်ငံသို့ပြန်ပို့ရေး တရားဝင် တောင်းဆိုချက်တစ် ရပ်မပြုလုပ်ရန်  တရုတ်နိုင်ငံက အမေရိကန်နိုင်ငံသို့ တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချင်းရင်က  ပြောကြားသည်။

 

mdn

 

တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံမှုနှင့် လူအခွင့်အရေးကို အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့က ထိပါးခဲ့ကြောင်း မန်ဝန်ကျို့က ပြောကြားခဲ့သည်။

 

မန်၏ အမှုကြောင့် ကနေဒါနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ပွတ်တိုက်မှုဖြစ်ပွားခဲ့သည်။ သူမကို ဖမ်းဆီးပြီး နောက်မကြာမီ ကနေဒါနိုင်ငံသားနှစ်ဦးမှာ သူလျှိုလုပ်မှုဖြင့် တရုတ်နိုင်ငံ၌ ဖမ်းဆီးခြင်းခံခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်