၂၈ မေ

ဟွာဝေးအလုပ်အမှုဆောင် မန်ဝန်ကျို့အား အမေရိကန်မှ လွှဲပြောင်းပေးရန် ကိစ္စအတွက် နောက်တစ်ဆင့်သို့ အယူခံသင့်ကြောင်း ကနေဒါတရားသူကြီးတစ်ဉီးက ဆုံးဖြတ်ခဲ့သည်။

 

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှုများကို ဖောက်ဖျက်ပြီး အီရန်နိုင်ငံဖြင့် စီးပွားရေး လုပ်ငန်းများ ပူးတွဲလုပ်ကိုင်သည်ဟု သံသယရှိသည့်အတွက် တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး၏ ဘဏ္ဍာရေးအရာရှိချုပ်အား အမေရိကန်ပြည်ထောင်စု၏ တောင်းဆိုမှုဖြင့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင် ကနေဒါနိုင်ငံ၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုတွင် မန်အား လိမ်လည်မှုဖြင့် တရားစွဲဆိုခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုတွင် ရာဇဝတ်မှုကျူးလွန်သည့် သူမ၏ လုပ်ရပ်များသည် ကနေဒါနိုင်ငံတွင် တရားမဝင်ဟု သတ်မှတ်ခြင်းမှလွဲ၍ သူမအား အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးမည် မဟုတ်ဟု ဆိုသည်။

 

ပြီးခဲ့သည့်  ဇန်နဝါရီလအတွင်းက ကြားနာမှုတွင် မန်က သူမအနေဖြင့် ကနေဒါနိုင်ငံ၏ ဥပဒေအောက်တွင် ရာဇဝတ်မှုကျူးလွန်ခြင်းမရှိခဲ့ဟု ဆိုသည်။ သို့သော်လည်း ယမန်နေ့က ကြားနာမှုတွင် သူ၏ ထွက်ဆိုချက်ကို တရားရုံးက ပယ်ချခဲ့သည်။

 

သူမအား ကနေဒါနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးရန် ဆုံးဖြတ်ချက်ကိုမူ ကနေဒါနိုင်ငံ တရားသူကြီးက ဆုံးဖြတ်မည်ဖြစ်သည်။

 

တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ဟွာဝေးအနေဖြင့် စိတ်ပျက်မိကြောင်း ထုတ်ပြန်ခဲ့သည်။

 

မန်၏ တရားမျှတမှုနှင့် လွတ်လပ်မှုရှာဖွေရာတွင် ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ပြီး ကနေဒါနိုင်ငံ၏ တရားစီရင်ရေး စနစ်သည် သူမအပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဟွာဝေးကုမ္ပဏီက ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်