၂၉ ဇန်နဝါရီ

လိမ်လည်မှု၊ အီရန်နိုင်ငံအပေါ် ပိတ်ဆို့ထားမှုများချိုးဖောက်မှုတို့ဖြင့် တရုတ်တယ်လီကွန်းလုပ်ငန်းကြီး ဟွာဝေး နည်းပညာကုမ္ပဏီ၊ ဘဏ္ဍာရေးအရာရှိချုပ်နှင့် ဆက်စပ်ဘဏ်နှစ်ခုကို တရားစွဲဆိုခဲ့ကြောင်း အမေရိကန် အာဏာပိုင်များက ပြောကြားသည်။

ကနေဒါနိုင်ငံက ဟွာဝေးအမှုဆောင် မန်ဝန်ကျို့အား ပြစ်မှုကျူးလွန်ခဲ့ရာတိုင်းပြည်သို့ လွှဲပြောင်းပေးရန် အမေရိ ကန်ပြည်ထောင်စုက မကြာမီ တောင်းဆိုဖွယ်ရှိသည်။ အမေရိကန်နိုင်ငံ၏ တောင်းဆိုမှုကြောင့် မန်ဝန်ကျို့အား ကနေဒါအာဏာပိုင်များက ပြီးခဲ့သည့်လအတွင်း ဖမ်းဆီးခဲ့သည်။

အမေရိကန် တရားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် အဆိုပါ အမှုအတွက် စွဲချက်တင်ခဲ့သည်။

 

mdn

 

ဟွာဝေးကုမ္ပဏီ၊ ဆက်စပ်လုပ်ငန်းနှစ်ခုနှင့် မန် တို့ကို ဟွာဝေးကုမ္ပဏီ၏ အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများကို ချိုးဖောက်ကာ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုပြုလုပ်ကြောင်း စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့်လအတွင်း ကနေဒါနိုင်ငံ၌ ဖမ်းဆီးခံခဲ့ပြီးနောက် မန်က သူမ၏ နိုင်ငံကူးလက်မှတ်ကို ကနေဒါအာဏာပိုင်များထံ ပေးအပ်ကာ အာမခံပေးခဲ့သည်။ လက်ရှိအချိန်ထိ သူမမှာ ကနေဒါနိုင်ငံတွင် ရှိနေဆဲဖြစ်သည်။

အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သော T-Mobile ထံမှ ဖုန်းစမ်းသပ်သော စက်ရုပ်တစ်ရုပ်နှင့်ပတ်သက်၍ သတင်းအချက်အလက်များ ခိုးယူမှုဖြင့် ဟွာဝေးကုမ္ပဏီဆက်စပ်လုပ်ငန်းနှစ်ခုကိုလည်း အမေရိကန်အာဏာပိုင်များက တရားစွဲဆိုခဲ့သည်။

တရုတ်နိုင်ငံက စုံစမ်းစစ်ဆေးမှုများကို ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့သည်။ အဆိုပါ တရားစွဲဆိုမှုကြောင့် တရုတ်နှင့် အမေရိကန်နိုင်ငံကြား ပွတ်တိုက်မှု ဖြစ်ပေါ်စေဖွယ်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn