၂၄ မေ
ဗြိတိန်နိုင်ငံတွင်းက 5G နက်ဝက်မှာ တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးရဲ့ ပါဝင်ပတ်သက်မှုကို လျှော့ ချသွားမယ်လို့ Daily Telegraph သတင်းစာမှာ စနေနေ့က ရေးသားထားပါတယ်။
ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား ဟွာဝေးနဲ့ ပတ်သက်ပြီး နိုင်ငံတွင်းမှာ ဆန့်ကျင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိသလို အမေရိကန်နိုင်ငံကလည်း ဖိအားတွေ ပေးခဲ့ပေမယ့် ဝန်ကြီးချုပ်က ဟွာဝေးရဲ့ပါဝင်ပတ်သက်မှု ကို ဇန်နဝါရီလက ခွင့်ပြုခဲ့ပါတယ်။
ဝန်ကြီးချုပ်က ဗြိတိန်နိုင်ငံရဲ့ 5G နက်ဝက်မှာ ဟွာဝေးကုမ္ပဏီရဲ့ ပါဝင်မှုကို ၃၅ ရာခိုင်နှုန်း အထိခွင့်ပြုခဲ့ပေမယ့် အရေးကြီးတဲ့ အပိုင်းတွေမှာတော့ ပါဝင်ခွင့်ကို ပိတ်ပင်တားမြစ်မယ်ဆိုတဲ့ ခြွင်းချက်နဲ့ ဇန်နဝါရီလက ခွင့်ပြုခဲ့ပေမယ့် မနေ့က ထွက်လာတဲ့ သတင်းတွေအရ ၂၀၂၃ ခုနှစ် မှာ ဟွာဝေးရဲ့ ပါဝင်မှု အဆုံးသတ်သွားမယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှ ဟွာဝေးကနေ တစ်ဆင့် သူလျှိုလုပ်နိုင်တယ်လို့ အမေရိကန်နိုင်ငံက စွပ်စွဲပြီး ဟွာဝေးရဲ့ နည်းပညာမျိုးဆက် 5G မိုဘိုင်းနက်ဝက် ပတ်သက်တဲ့ နိုင်ငံတိုင်းကို ဝါရှင်တန်မှ ပြင်းပြင်းထန်ထန် ဖိအားပေး လေ့ရှိပါတယ်။
လာမယ့်လမှာ ဂျွန်ဆင်ဟာ အမေရိကန်သမ္မတနဲ့ G7 ဆွေးနွေးပွဲအတွက် တွေ့ဆုံဖို့ရှိပြီး အမေရိကန်နဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် ဆွေးနွေးဖို့ ရှိနေပါတယ်။
MDN
ကိုးကား- AFP