ဒီဇင်ဘာ ၃

ဟစ်ဇ်ဘိုလာအဖွဲ့က နယ်စပ်ဒေသရှိအစ္စရေးတပ်ဖွဲ့ရှိရာနေရာသို့ ယမန်နေ့က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုသည် လွန်ခဲ့သောသီတင်းပတ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အသက်ဝင်ပြီးနောက်ပိုင်း  ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဖော်ပြထားသည်။

အစ္စရေးတပ်ဖွဲ့များက လက်ဘနွန်နိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်ဟု ဟစ်ဇ်ဘိုလာတို့က ဆိုသည်။ လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် ယမန်နေ့က အစ္စရေးတပ်ဖွဲ့၏လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အစ္စရေးက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ချိုးဖောက်မှုအကြိမ် ၅၀ ကျော်ရှိပြီဖြစ်ကြောင်း လက်ဘနွန် လွှတ်တော်ဉက္ကဌ နာဘစ်ဘာရီကပြောသည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက အစ္စရေးဘက်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်မှုမရှိသော်လည်း ဟစ်ဇ်ဘိုလာ၏သဘောတူညီချက်ချိုးဖောက်မှုကိုတုံ့ပြန်သည့်အနေဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ရန် ယမန်နေ့က ပြောကြားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို