ဘေရွတ် အောက်တိုဘာ ၂၉
လက်ဘနွန်အခြေစိုက် ရှီးယားမွတ်စလင်အဖွဲ့ ဟစ်ဇ်ဘိုလာသည် ၎င်းတို့၏ခေါင်းဆောင်သစ်အဖြစ် နင်းမ်ကာစင်ကို ရွေးချယ်လိုက်ကြောင်း အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ထို့ကြောင့် ကာစင်သည် ပြီးခဲ့သည့်လက ဘေရွတ်မြို့အပြင်ဘက်ရှိ ဟစ်ဇ်ဘိုလာ ဌာနချုပ်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာတွင် သေဆုံးခဲ့သော ဟာဆန်နာစရယ်လာ၏နေရာ ကို ဆက်ခံသူဖြစ်လာခဲ့သည်။ ထို့ပြင် ၎င်းသည် နာစရယ်လာလက်အောက်တွင် အဖွဲ့၏ လက်ထောက်ခေါင်းဆောင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးကို တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားထားသည်။
အင်န်အိတ်ချ်ကေ