ဂျေရုဆလင်     ဇူလိုင်   ၅

 

ဟစ်ဇ်ဘိုလာ၏    ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ဇူလိုင် ၄ ရက် က အစ္စရေးတပ်မတော်မှ  အရာရှိ တစ်ဦးသေဆုံးကြောင်း အစ္စရေး တပ်မတော်က  သတင်းထုတ်ပြန် ချက်တွင် ပြောကြားသည်။

 

သေဆုံးသူမှာ     အစ္စရေး တပ်မတော်မှ   ဒုတပ်ခွဲမှူးတစ်ဦး ဖြစ်သူ  အသက် ၃၈ နှစ်အရွယ် အီတေးဂယ်လီယာ  ဖြစ်ကြောင်း သိရသည်။

 

၎င်းမှာ  အစ္စရေးကို  ဟစ်ဇ် ဘိုလာ၏ ကြီးမားသည့်တန်ပြန် တိုက်ခိုက်မှု     တစ်ခုအတွင်း အစ္စရေးတို့  သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်ကို  ဒုံးကျည်ဖြင့် တိုက်ခိုက်ချိန်တွင်     သေဆုံးခဲ့ ကြောင်း သိရသည်။ ဟစ်ဇ်ဘိုလာ သည် မကြာသေးမီက လက်ဘနွန် နိုင်ငံ    အနောက်တောင်ပိုင်း တိုင်ရယ်မြို့သို့ အစ္စရေးက မကြာ သေးမီက ပစ်မှတ်ထားတိုက်ခိုက် မှုကြောင့်       ၎င်းတို့ထိပ်ပိုင်း ခေါင်းဆောင်  မိုဟာမက်နာအာ မက်နက်ဆာ      သေဆုံးမှုကို  လက်တုံ့ပြန်      တိုက်ခိုက်သည့် အနေဖြင့် အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည်၊  ဒုံးလက်နက်နှင့် ဒရုန်း ၂၀၀   ခန့်   လွှတ်တင်ပစ်ခတ်ခဲ့ ကြောင်း သိရသည်။

 

၎င်း၏  သေဆုံးမှုမှာ   ပြီးခဲ့ သည့်နှစ် အောက်တိုဘာအစော ပိုင်းက လက်ဘနွန်လက်နက်ကိုင် တပ်ဖွဲ့နှင့်   အစ္စရေးတို့အကြား နယ်စပ်ဖြတ်ကျော်   တိုက်ပွဲများ စတင်သည့် အချိန်မှစကာ ဟစ်ဇ် ဘိုလာတိုက်ခိုက်မှုကြောင့် အစ္စရေး တပ်ဖွဲ့များ၏၁၈ ယောက်မြောက် သေဆုံးသူဖြစ်သည်။     

 

 

ဆင်ဟွာ