နေပြည်တော် စက်တင်ဘာ ၃၀

 

အိန္ဒိယနိုင်ငံတွင် စက်တင်ဘာ (၂၉)ရက်မှ အောက်တိုဘာ (၂၈)ရက်အထိ ဟော်ကီ၊ သေနတ်ပစ်နှင့် ကြက်တောင် အားကစားနည်းများလေ့ကျင့်ရန် မြန်မာ အားကစားအဖွဲ့သည် ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။

 

အဆိုပါ အဖွဲ့အား အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးအောင်စိုး၊ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစောလုလုထော်နှင့် သက် ဆိုင်ရာအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

 

အဆိုပါ မြန်မာအားကစားအဖွဲ့တွင် ဟော်ကီအားကစားအဖွဲ့မှ ၁၅ ဦး၊ သေနတ်ပစ် အားကစား နည်းမှ ၉ ဦးနှင့် ကြက်တောင်အားကစားနည်းမှ ၃ ဦး စုစုပေါင်း ၂၇ ဦး တို့ လိုက်ပါသွားကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)