ဟောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်သူ မလေးရှား 1MDB အရှုပ်တော်ပုံမှာ ပါဝင်တဲ့အတွက် တရားစွဲခံရ

၅ ဇူလိုင်

 

"The Wolf of Wall Street" ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရဲ့ မယားပါသားလည်းဖြစ်တဲ့ ရီဇာအဇစ် ဟာ နိုင်ငံပိုင်ရန်ပုံငွေ 1MDB ထဲကနေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို လက်ခံရရှိကြောင်း ဒီကနေ(သောကြာနေ့)မှာ တရားစွဲဆိုခဲ့ပါတယ်။ 

 

၂၀၁၁ -၂၀၁၂ ခုနှစ်က အဇစ်ဟာ မလေးရှားနိုင်ငံပိုင် ရန်ပုံငွေကနေ အမေရိကန် ဒေါ်လာ ၂၄၈.၁၇ သန်း လက်ခံရရှိထားတယ်။ ငွေကြေးတွေကို Red Granite Pictures ဟောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီဘဏ်အကောင့်ထဲကို လွဲပြောင်းခဲ့ကြောင်း သိရပါတယ်။ အဇစ် ဟာ Red Granite Pictures ဟောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို ပူးတွဲတည်ထောင်သူဖြစ်ပါတယ်။ 

 

လာဘ်စားမှုတိုက်ဖျက်ရေး အရာရှိတွေက အဇစ်ကို ကြာသပတေးနေ့က မလေးရှားနိုင်ငံမှာ စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးထားပြီးပြီလို့ သိရပါတယ်။ 
Red Granite Pictures ဟောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီမှာ ခိုးရပါငွေတွေ ရှိတယ်လို့ စွပ်စွဲခံထားရတဲ့အတွက် အမေရိကန်တရားရေးဌာနက နိုင်ငံထဲကို ရောက်ရှိလာ 1MDB အရှုပ်တော်ပုံက ငွေကြေးတွေကို ထုတ်သွင်းမှုမရအောင် လုပ်ဆောင်ဖို့ ရှိနေပါတယ်။ 

 

Red Granite Pictures ဟောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကနေ ၂၀၁၃ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ လီယိုနာဒို ဒီကာပီဒို ပါဝင်သရုပ်ဆောင်ထားသော "The Wolf of Wall Street" နဲ့ ဂျင်ကာရီ  သရုပ်ဆောင်ထားတဲ့ "Dumb and Dumber To" နဲ့  "Daddy's Home" ဇာတ်ကားတွေကို ထုတ်လုပ်ခဲ့ပါတယ်။ 

 

MDN
ကိုးကား - AFP