mdn

၂၈ သြဂုတ်

 

ကေပေါ့ပ်ကြယ်ပွင့်တစ်ဦးအဖြစ် အနုပညာနယ်ပယ်မှာ စတင်နေရာရလာခဲ့တဲ့ ဟင်နရီဟာ တောင်ကိုရီးယား ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး လတ်တလောမှာတော့ ဟောလိဝုဒ်ရုပ်ရှင်တစ်ကားမှာ ပါဝင်သရုပ်ဆောင်ထားကြောင်း ထုတ်ဖော်ပြောကြားလာတာ ဖြစ်တယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။

 

ဟင်နရီပါဝင်ထားတဲ့ ရုပ်ရှင်ဟာ ''A Dog's Journey''လို့ အမည်ရပြီး ဒါရိုက်တာ ဂေးလ်မန်ကူဆိုက တာဝန်ယူရိုက်ကူး ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီရုပ်ရှင်ဟာ အမေရိကန် ဇာတ်လမ်းတွဲ ''Modern Family''ရဲ့ ဇာတ်လမ်းတွဲသစ်လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်အတွင်း ထုတ်လွှင့်ပြသခဲ့တဲ့ ''A Dog's Purpose''ရဲ့ အဆက်လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်သစ်မှာလည်း ဒန်းနစ်ကွိတ်စ်က ခေါင်းဆောင်ပါဝင်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

 

အေးပြည့်