၁၉ ဇူလိုင်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြားအတွင်း အီရန်ဒရုန်းယာဉ်တစ်စီးကို အမေရိကန်ရေတပ်သင်္ဘောတစ်စီးက ပစ်ချခဲ့ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါ သင်္ဘောနှင့် ရေတပ်သားများ၏လုံခြုံရေးကို ခြိမ်းခြောက်နေသောကြောင့် ၎င်းဒရုန်းယာဉ်ကို ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ထရန့်က ပြောဆိုခဲ့သည်။
ဟော်မုဇ်ရေလက်ကြားအနီး ရေနံတင်သင်္ဘောတိုက်ခိုက်မှုများ နောက်ကွယ်တွင် အီရန် ရှိနေသည်ဟု အမေရိကန်က ဆိုသည်။
ပြီးခဲ့သည့် ဇွန်လက အမေရိကန်မောင်းသူမဲ့ ဒရုန်းယာဉ်တစ်စီးကို အီရန်က ပစ်ချခဲ့သည်။
အမေရိကန်၏ ထိုနောက်ဆုံးလုပ်ရပ်သည် အီရန်နှင့်အမေရိကန်နိုင်ငံတို့အကြား ပိုမိုပြင်းထန်သည့် တင်းမာမှုများ ဖြစ်ပေါ်စေမည်ဖြစ်သည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို