လန်ဒန် ဇွန် ၂၄
ဟော်မုဇ်ရေလက်ကြား ပိတ်မှုကြောင့် အမေရိကန်ဒေါ်လာ ၁၂၅ ဘီလီယံတန်ဖိုးရှိ ကုန်စည်တင်သင်္ဘော ၁၂၀၀ ကျော် ရပ်တန့်ပိတ်မိနေကြောင်း Allianz အာမခံကုမ္ပဏီ၏ နောက်ဆုံးထုတ်ပြန်ချက်ကို ဇွန် ၂၄ ရက်ထုတ် ဗြိတိန်အခြေစိုက် Financial Times နေ့စဉ်သတင်းစာတွင် ကိုးကားဖော်ပြထားသည်။
သို့သော်လည်း အဆိုပါ ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရန် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား သဘောတူညီမှုရရှိကြောင်း ထုတ်ပြန် ကြေညာလိုက်ပြီးနောက် ပိတ်မိနေသော သင်္ဘောအသွားအလာများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။
ရေကြောင်းနှင့်သင်္ဘောလိုင်းဆိုင်ရာ အချက်အလက်များကို စုဆောင်းတင်ပြသည့် ထိပ်တန်းသုတေသနအဖွဲ့အစည်း၏ အချက်အလက်များအရ ဇွန် ၂၁ ရက်တွင် အဆုံးသတ်သော သီတင်းတစ်ပတ်အတွင်း ပင်လယ်ကွေ့အတွင်းမှ ထွက်ခွာသွားသည့် သင်္ဘောအစင်းရေ ၆၉ စင်းအထိရှိပြီး ယင်းမှာ ပြီးခဲ့သည့်သီတင်းပတ်က ၂၄ စင်းသာရှိရာမှ သိသာစွာမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


