၂ အောက်တိုဘာ
ယမန်နေ့က ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများက နေရာလေးခုကို ကျည်ခြောက်တောင့် ပစ်ခတ်ခဲ့ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောကြားခဲ့သည်။
ဆန္ဒပြပွဲအတွင်း အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နာရီအနည်းငယ် အကြာတွင် ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ တစ်ဉီးဖြစ်သည့် စတီလိုက သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။
လက်ရှိ အခြေအနေများ၏ အကြောင်းကို ၎င်းမသိရှိခဲ့ကြောင်း အဆိုပါ ကျောင်းသားကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ချိန်တွင် သတိရနေပြီဖြစ်ကြောင်း လိုက ပြောကြားခဲ့သည်။
အရာရှိများက ဆန္ဒပြသူများအား တိုက်ခိုက်ခြင်းကို ရပ်တန့်ရန် ပြောခဲ့ကြောင်း သို့သော်လည်း ၎င်းတို့က လျစ်လျူရှုခဲ့သည့်အတွက် ယခုကဲ့သို့ အသက်အန္တရာယ် ရှိသည့် ပစ်ခတ်မှုနှင့် ကြုံခဲ့ရကြောင်း အဆိုပါ အဆင့်မြင့်အရာရှိက ပြောကြားခဲ့သည်။
အဆိုပါ အရာရှိ၏ ဆုံးဖြတ်ချက်မှာ တရားဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ တရားမဝင် စုရုံးခြင်း သို့မဟုတ် မီးရှို့မှုများအတွက် အဓိအရုဏ်းတွင် ပါဝင်သည့် သံသယရှိသည့် ဆန္ဒပြသူ ၁၈၀ကို ဖမ်းဆီးခဲ့ကြောင်း အဆိုပါ ကော်မရှင်က ပြောကြားခဲ့သည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် အခြေအနေများအတွင်း နှစ်ဉီးမှာ အရေးပေါ် အခြေအနေဖြစ်ပြီး ၇၄ ဉီးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ဟောင်ကောင်အစိုးရက ပြောကြားခဲ့သည်။
ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ ကျောင်းသားတစ်ဉီးမှာ ပစ်ခတ်ခံခဲ့ရသည်ဟု ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်