မြန်မာ ယူ-၁၈ အသင်းသည် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၀ ရွေးချယ်လိုက်ပြီဖြစ်သည်။
မြန်မာ ယူ-၁၈ အသင်းသည် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် ကစားသမားများကို အခြေခံကာ ရွေးချယ်ခဲ့ပြီး နှစ်ဦးသာ အပြောင်းအလဲပြုလုပ်ခဲ့သည်။ မြန်မာ ယူ-၁၈ အသင်းသည် ယခုပြိုင်ပွဲအတွက် ဧပြီ ၂ ရက်မှစ၍ ပြန်လည်လေ့ကျင့်ခဲ့ပြီး ဧပြီ ၁၄ ရက်တွင် အပြီးသတ်လူစာရင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၁၈ အသင်းတွင် အုပ်ချုပ်သူ-ဦးရဲဝင်းအောင်၊ နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ဂိုး-နေလင်းထက်၊ ပြည့်ဖြိုးသူ၊ နောက်တန်း- ရဲထက်အောင်၊ စည်သူ မိုးခန့်၊ သော်ဇင်ထက်၊ ညဏ်လင်းထက်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ ကိုကို၊ အလယ်တန်း-ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ပြည့်ဖြိုးအောင်၊ ရန်နိုင်လင်း၊ နောင်နောင်စိုး၊ သူရအောင်၊ ရှေ့တန်း-စောကျော်အဲ၊ ညီညီ၊ လမင်းထွေး၊ သြဘာခ၊ တို့ပါဝင်ကြသည်။
မြန်မာအသင်းယှဉ်ပြိုင်မည့် ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲကို ဧပြီ ၁၉ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ၊ ဟောင်ကောင်၊ ဗီယက်နမ်နှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ကာ ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဧပြီ ၁၉ ရက်တွင် အိမ်ရှင်ဟောင်ကောင်၊ ဧပြီ ၂၀ ရက်တွင် ဗီယက်နမ်အသင်း၊ ဧပြီ ၂၂ ရက်တွင် စင်ကာပူအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်