ဟောင်ကောင်အစိုးရက ဆန္ဒပြသူများအား ရှုတ်ချ

ရဲများနှင့် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ဆန္ဒပြသူများ၏လုပ်ရပ်များကို လက်မခံနိုင်ကြောင်း ဟောင်ကောင်အစိုးရက ရှုတ်ချခဲ့သည်။

အငြင်းပွားဖွယ် ဥပဒေကြမ်းလျော့ချရေးနှင့်ပတ်သက်ပြီး ဆက်လက်ဖြစ်ပွားနေသည့် မငြိမ်မသက်မှုများနှင့် ပတ်သက်ပြီး ရဲများနှင့် ဆန္ဒပြသူအချို့သည် စနေနှင့်တနင်္ဂနွေနေ့များကြားတွင် ပွတ်တိုက်မှုများ ဖြစ်ပွားခဲ့သည်။

တင်းမာမှုများ အရှိန်မြင့်တက်လာခဲ့ကြောင်း ဆန္ဒပြမှုဖြစ်ပွားရာနယ်မြေမှ ဒုတိယအဆင့်မြင့်ဆုံး တာဝန်ရှိသူ မတ်သရူးချောင်က တနင်္လာနေ့က သတင်းထောက်များသို့ ပြောကြားခဲ့သည်။ 

ထိုကဲ့သို့သော လုပ်ရပ်များသည် လူ့အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်အောင် ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုကဲ့သို့သော လုပ်ရပ်များအစား ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို အလေးထားဆွေးနွေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နှစ်ရက်အတွင်းက အသက် ၁၂နှစ်မှ ၅၂နှစ်အရွယ် များအပါအဝင် လူပေါင်း ၈၆ဦး ရဲများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။

တနင်္ဂနွေနေ့က ဖြစ်ပွားသည့် ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်သည့် အရာရှိများ၏ လုပ်ရပ်ကို ကာကွယ်ပြောကြားခဲ့ပြီး အင်အားသုံးရန်လိုအပ်သောကြောင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn