ဟောင်ကောင်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့သူတွေထဲက  ပထမဦးဆုံးတရားစွဲဆို

၅ ဇူလိုင်

 

ဟောင်ကောင်ရဲ့ street artist အနုပညာရှင် တစ်ဦးကို ဒီကနေ့ (သောကြာနေ့)မှာ အစိုးရကို ဆန့်ကျင်တဲ့အတွက် ပထမဦးဆုံး တရားစွဲလိုက်ကြောင်းသိရပါတယ်။ 

 

အသက် ၃၁ နှစ်အရွယ် အနုပညာရှင် ပန်ဟိုချူးကို  ဇွန်လ ၂၁ ရက်နေ့က ပြည်ထဲရေးရုံးချုပ်ကို ပိတ်ဆို့မှုနဲ့ ကြက်ဥနဲ့ ပစ်ပေါက်မှုစတဲ့ စွဲချက်တွေနဲ့ တရားစွဲတာလို့ သိရပါတယ်။ ပန်ဟာ ပြစ်မှုတွေ ကျူးလွန်ခဲ့မယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံနိုင်ဖွယ်ရှိနေပါတယ်။ 

 

ဆန္ဒပြမှုတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ဖော်ထုတ်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

 

လွန်ခဲ့တဲ့ တစ်လကျော်က ဆန္ဒပြမှုတွေနဲ့ ဖမ်းဆီးခဲ့တဲ့ သူတွေ လွှတ်ပေးခဲ့ပေမယ့် လူဆယ်ဦးမက ဆက်လက်အဖမ်းခံနေရဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနတွေ အဆိုရသိရပါတယ်။ 

 

MDN
ကိုးကား - AFP