တိုကျို ၁၁ စက်တင်ဘာ 

ဟောင်ကောင်ဆန္ဒပြပွဲတွင်ပါဝင်သည့်  ပါတီများအား  မတူညီမှုများကို  စကားဝိုင်း ဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းကြရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားလိုက်သည်။

ရာဇဝတ်မှုကျူးလွန်သည့် တရားခံများကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းပေးမည့် ဥပဒေကြမ်းကို မကျေနပ်ရာမှ ဖြစ်ပေါ်လာသည့် ဟောင်ကောင်ဆန္ဒပြပွဲများဖြစ်ပေါ် နေသည်မှာ စုစုပေါင်း သုံးလကြာမြင့်ခဲ့ပြီဖြစ်သည်။

ဟောင်ကောင်အုပ်ချုပ်ရေးအကြီးအကဲ  ကယ်ရီလမ်က အဆိုပါဥပဒေမူကြမ်းကို ပြန်ရုပ်သိမ်းကြောင်း လွန်ခဲ့သော ရက်သတ္တပတ်က ကြေညာခဲ့သော်လည်း ဆန္ဒပြမှုများက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

ဟောင်ကောင်တွင် နေထိုင်သူများနှင့် စီးပွားရေးဆောင်ရွက်နေသူ စုစုပေါင်း ဂျပန်နိုင်ငံသား ၂၅၀ဝဝ ကျော်ရှိကြောင်းနှင့် ၄င်းတို့ ဘေးအန္တရာယ်ကင်းရှင်းရေးမှာလည်း စိတ်ချရသော အခြေအနေတွင် ရှိရမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တာရိုကိုနိုက သတင်းထောက်များကို ပြောသည်။

ဟောင်ကောင်၏ တစ်နိုင်ငံစနစ်နှစ်ခုအခြေအနေအောက်တွင် စီးပွားရေးကြွယ်ဝ ဖြစ်ထွန်းမှုသည် တရုတ်နိုင်ငံအတွက်သာမက ဟောင်ကောင်အတွက်လည်းအရေးပါကြောင်း ကိုနိုက ဆက်လက်ပြောကြားသည်။

အင်န်အိတ်ချ်ကေ